ဖွဲ့စည်း အုပ်ချုပ်ပုံဆိုင်ရာ အခြေခံဥပဒေများ ရေးဆွဲရာတွင် ကိုးကားစာအုပ်များနှင့် လိုအပ်သည့်အချက်အလက်များ၊ နည်းပညာပိုင်းဆိုင်ရာ အကူအညီများရရှိနိုင်မည့် မူလဘူတရပိုင်ခွင့်များနှင့်ပတ်သက်၍ အရင်းအမြစ်များ၊ သတင်း အချက် အလက်များ အားလုံးစုစည်းထားရှိရာ ရင်းမြစ်စင်တာတခု

ပိုမိုလေ့လာရန်

ကွန်ရက်အနေဖြင့် မူလဘူတရပိုင်ခွင့်များဆိုင်ရာနှင့် ပတ်သက်၍ စဉ်ဆက်မပြတ် လေ့လာသုတေသန ပြုလုပ်ရန်နှင့် သုတေသနတွေ့ရှိချက်များကို သက်ဆိုင်သူများနှင့် ပြည်သူလူထုထံ ဖြန့်ဝေခြင်း

ပိုမိုလေ့လာရန်

သက်ဆိုင်ရာ အစိုးရအသီးသီးအား အချက်အလက်များအပေါ်အခြေခံ မဟာဗျူဟာကျ၊ စုစည်းပေါင်းစပ် တိုက်တွန်း အရေးဆိုခြင်းဖြင့် လူထု၏ မူလဘူတ ရပိုင်ခွင့်များ ရရှိခံစားပိုင်ခွင့်ကို မြှင့်တင်ရန်

ပိုမိုလေ့လာရန်

ဖွဲ့စည်းပုံအခြေခံဥပဒေများဖြင့် အာမခံအပ်သော မူလဘူတရပိုင်ခွင့်များ

ပြည်သူလူထု၏ အခြေခံအခွင့်အရေးများကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပဋိညာဉ်စာတမ်းများတွင် ရေးသားဖော်ပြရပြီး ပြည်သူများရှိရင်းစွဲ ရရှိပိုင်ဆိုင်ထားသော အခြေခံအခွင့်အရေးများအား ငြင်းပယ်ခြင်း သို့မဟုတ် ချိုးနှိမ်ခြင်း မပြုရ၊ ထိုသို့ ပြုလုပ်နိုင်သည်ဟုလည်း အဓိပ္ပါယ်ကောက်ယူခြင်းမပြုရ။

ကွန်ရက် လုပ်ဆောင်ချက်များ

ကွန်ယက်အစည်းအဝေးပြုလုပ်ခြင်း ( ဇန်နဝါရီလ)

မူလဘူတရပိုင်ခွင့်ကွန်ရက် (Bill ofRights Network – BORN) အဖွဲ့ဝင်အသစ်နှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်များအားလုံးနှင့်အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃ ရက်နှင့် ၄ ရက်နေ့ ၂ ရက်တာ ချင်းမိုင်မြို့ တွင်ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ယခုပြုလုပ်မည့် အလုပ်ရုံဆွေးနွေးပွဲ၏ အဓိက ရည် ရွယ်ချက်မှာအဖွဲ့ဝင်များအချင်းချင်းရင်းနှီးမှုရရှိကြပြီး ရှေ့လုပ်ငန်းစဉ်များကိုအတူရေးဆွဲချမှတ်ကြရန် ဖြစ်ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင်၂၀၂၅ ခုနှစ်တွင်ချင်းမိုင်မြို့အခြေစိုက် အဖွဲ့ဝင်များမှ လူကိုယ်တိုင်တက်ရောက်ကြပြီး ပြည်တွင်းအခြေစိုက် အဖွဲ့ဝင်များက Zoom ဖြင့်တက်ရောက်ကြကာ (Bill of Rights Network – BORN)အနေဖြင့်ဆက်လက်လုပ်ဆောင်သွားမည့် Strategic Plan အား အဖွဲ့ဝင်များ အားလုံးဝိုင်းဝန်းဆွေးနွေးကြပြီးအားလုံးပါဝင်သော Strategic Plan တစ်ခု Developed လုပ်နိုင်ခဲ့ပါတယ်။ အပေါ်တွင်အခြေခံထားသော Detail work Plan Development အားနောက်ဆက်တွဲ meeting အဖြစ် Executive Committees Members များ ဆက်လက်လုပ်ဆောင်ခဲ့ကြပါသည်။‍

မူလဘူတ ရပိုင်ခွင့်များ ကွန်ရက်ကို ဆက်သွယ်ရန်

အောက်ပါဖောင်တွင် ဖြည့်စွက်၍ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

Thank you! Your submission has been received!
Oops! Something went wrong while submitting the form.