နေ့စွဲ

May 31, 2025

အနှစ်ချုပ်

၂၀၂၄ အောက်တိုဘာလတွင် ကွန်ရက်အမည်ကို မူလဘူတရပိုင်ခွင့်များကွန်ရက် Bill of Rights Network (BORN) ဟု အမည်ပေးခေါ်တွင်ခဲ့ကြသည်။

ကွန်ရက်အစည်းအဝေး ပြုလုပ်

မူလဘူတရပိုင်ခွင့်များကွန်ရက်ကို ၂၀၂၄ ခုနှစ်ဇူလိုင်လ တွင် မူလဘူတရပိုင်ခွင့်များ အလုပ်ရုံ ဆွေးနွေးပွဲ အပြီးတွင် ဖက်ဒရယ်ပြည်ထောင်စုနှင့် ပြည်နယ် သို့မဟုတ် ဖက်ဒရယ်ယူနစ် များ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ ဆိုင်ရာအခြေခံဥပဒေနှင့် ပဋိညာဉ်စာတမ်းများ (Constitutional Documents) ရေးဆွဲရာတွင် လူသားတဦးချင်းသော်လည်းကောင်း၊ အုပ်စုလိုက်သော်လည်းကောင်း ရရှိထိုက်သော အခြေခံအခွင့် အရေးများ အာမခံချက်ပေးနိုင်သည့် ပြဌာန်းချက်များပါရှိစေရန် နှင့် အစိုးရအဆင့်ဆင့် အနေဖြင့် လက်တွေ့လိုက်နာကျင့်သုံးမှု အခြေအနေများကိုလည်း စောင့်ကြည့်၊တည့်မတ်ပေးနိုင်ရန် ရည်ရွယ်ချက် ဖြင့် အလုပ်ရုံဆွေးနွေးပွဲတက်ရောက်ခဲ့ကြသည့် မြန်မာ့အရပ်ဘက်အဖွဲ့အစည်းများနှင့် စတင်ဖွဲ့စည်းခဲ့ ကြသည်။​ အောက်တိုဘာလတွင် ကွန်ရက်အမည်ကို မူလဘူတရပိုင်ခွင့်များကွန်ရက် Bill of Rights Network (BORN) ဟု အမည်ပေးခေါ်တွင်ခဲ့ကြပြီး ကွန်ရက်၏ယုံကြည်ချက်၊တန်ဖိုးထားမှု များနှင့် အခြေခံစံတန်ဖိုးများ၊ ကွန်ရက်အဖွဲ့ဝင်များ၏လုပ်ငန်းတာဝန်များနှင့် အဖွဲ့ဝင်များဖိတ်ခေါ်မှုများ နှင့်ပတ်သက်၍ လုပ်ငန်းမူဘောင်များရေးဆွဲချမှတ်ခဲ့ကြသည်။