Date Updated
May 31, 2025
Category
ဘာသာရေးနှင့် ယဉ်ကျေးမှု
မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ မှီတင်းနေထိုင်သည့် ယဉ်ကျေးမှုမျိုးစုံ၊ ဘာသာစကားမျိုးစုံနှင့် နိုင်ငံတနိုင်ငံဖြစ်သည်နှင့်အညီ ကိုးကွယ်ယုံကြည်မှု၊ ဂိုဏ်းဂဏမျိုးစုံနှင့် ယုံကြည်မှုမျိုးစုံရှိကြသည်။ ငြိမ်းချမ်းစွာအတူယှဉ်တွဲ၍ ပျော်ရွှင်စွာနေထိုင်နိုင်ရန်အတွက် အရေးကြီး ဆုံးသော့ချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်၊ကျင့်ကြံပိုင်ခွင့်နှင့် ဘာသာစကား အပါအဝင် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများကို မကန့်သတ်ပဲ ရိုးရာယဉ်ကျေး မှုဆိုင်ရာ လွတ်လပ်မှုများ ခွင့်ပြုထားခြင်းပင်ဖြစ်သည်။
လူတိုင်းသည် မိမိ၏ကိုယ်ပိုင်အသိစိတ်ဖြင့် ဆုံးဖြတ်ချက်အရယုံကြည်ရာ ဘုရားကို လွတ်လပ်စွာကိုးကွယ်ပိုင်ခွင့်ရှိပြီး လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို တားမြစ်သည့် မည်သည့်ဥပဒေမျှမရှိစေရ။ မည်သူ့ကိုမျှ ဘာသာရေးဂိုဏ်းဂဏ တစ်ခုခု သို့မဟုတ် ဂိုဏ်းခွဲတစ်ခုခုကို ပံ့ပိုးရန်သို့မဟုတ် ကိုးကွယ်ယုံကြည်ရာနေရာတစ်နေရာရာသို့ တက်ရောက်ရန် အတင်းအကြပ် ပြုလုပ်ခြင်း မပြုရ။