Date Updated

May 31, 2025

Category

တန်းတူညီမျှမှု

ကျေးကျွန်ပြုမခံရစေခြင်း

ဤနိုင်ငံတွင် ကျွန်ပြုမှု မရှိစေရ။ ပြစ်မှုထင်ရှားသောကြောင့် ပြစ်ဒဏ်စီရင်ခြင်း ခံရသည်မှ တစ်ပါး  အလိုမတူဘဲ ကျေးကျွန်ပြုခြင်းမရှိစေရ။

ဤနိုင်ငံတွင် မည်သူမျှ ကြွေးမြီကြောင့် အကျဥ်းကျခံရခြင်းမရှိစေရ၊ သို့ရာတွင် ၎င်းသည် ယင်းကြွေးမြီနှင့် ဆက်စပ်သည့် လိမ်လည်မှုဖြင့် တရားဆွဲဆိုခံထားရသူများအား အကျဥ်းချခြင်း သို့မဟုတ် အာမခံငွေပေးရခြင်းတို့အတွက် ဥပဒေရေးဆွဲရန် ဥပဒေပြုမဏ္ဍိုင်အားတားမြစ်ခြင်းမရှိစေရ။ ကြွေးမြီ သို့မဟုတ် တာဝန်ရှိမှုတစ်စုံတစ်ရာအတွက် ပေးဆပ်ရန် ပိုင်ဆိုင်မှုများ အားသိမ်းဆည်းခြင်း သို့မဟုတ် ရောင်းချခြင်းပြုလုပ်ရာတွင် သင့်လျော်သော ပိုင်ဆိုင်မှု ပမာဏအား ကင်းလွတ်ခွင့် ပေးရမည်။