မူလဘူတရပိုင်ခွင့်များကွန်ရက် Bill of Rights Network (BORN) သည် မူလဘူတရပိုင်ခွင့်များကို လေးစားလိုက်နာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်ကို ကျင့်သုံးအုပ်ချုပ်ခြင်းဖြင့် တရားမျှတမှုနှင့် ညီမျှမှုတို့ရှိသော ငြိမ်းချမ်းသာယာသည့် လူ့ဘောင်တခု ဖြစ်ထွန်းစေနိုင်မည်ဟု ယုံကြည်သည်။ ဤ ရပ်တည်ချက်စာတမ်းသည် ယင်းယုံကြည်ချက်အပေါ် အခြေခံ၍ ဖက်ဒရယ်ပြည်ထောင်စုနှင့် ပြည်နယ် သို့မဟုတ် ဖက်ဒရယ်ယူနစ်များ၏ ဖွဲ့စည်းအုပ်ချုပ်ပုံဆိုင်ရာအခြေခံဥပဒေနှင့်ပဋိညာဉ်စာတမ်းများ ရေးဆွဲသည့်လုပ်ငန်းစဉ်တွင် လူသားတဦးချင်းသော်လည်းကောင်း၊ အုပ်စုလိုက်သော်လည်းကောင်း ရရှိ ထိုက်သော မဖြစ်မနေထည့်သွင်း ပါရှိသင့်သည့် မူလဘူတရပိုင်ခွင့်များကို အာမခံချက်ပေးနိုင်သည့် ပြဌာန်းချက်များကို အကြံပြုတိုက်တွန်းဖော်ပြအပ်သည်။ ထို့အပြင် ရေးဆွဲသည့်လုပ်ငန်းစဉ်တွင်လည်း သက်ဆိုင်သူများအားလုံး၏ လိုအပ်ချက်၊လိုလားချက်များကို လေ့လာဆန်းစစ်၍ အကြံဉာဏ်များရယူ ခြင်းနှင့် တိုင်ပင်ဆွေးနွေးညှိနှိုင်းမှုတို့ကို စနစ်တကျပြုလုပ်ရန်လည်း လိုအပ်မည်။
တရားမျှတသော တရားစီရင်မှု ရရှိပိုင်ခွင့်
ကျေးကျွန်ပြုမခံရစေခြင်း
နိုင်ငံတော်ဘာသာအဖြစ် မသတ်မှတ်ခြင်း
မဲပေးခွင့်နှင့် ရွေးကောက်ခံပိုင်ခွင့်
ရိုးရာယဥ်ကျေးမှုဆိုင်ရာလွတ်လပ်မှု
လွတ်လပ်စွာကိုးကွယ်ပိုင်ခွင့်နှင့် ကျင့်ကြံပိုင်ခွင့်
လွတ်လပ်စွာတောင်းဆိုပိုင်ခွင့်နှင့် စုဝေးပိုင်ခွင့်
လွတ်လပ်စွာသွားလာလှုပ်ရှားခွင့်