အမျိုးသမီးများအား စစ်မှုထမ်းစာရင်းသွင်းခြင်း။ စစ်အာဏာရှင်တို့၏ အတင်းအကြပ် စစ်မှုထမ်းရန် လုပ်ဆောင်မှုကြောင့် အမျိုးသမီးများအပေါ် သက်ရောက်မှုများ ဆိုသည့် အစီရင်ခံစာအကျဥ်းချုပ်အား ND-Burma မှထုတ်ဝေခြင်း။

အမျိုးသမီးများအား စစ်မှုထမ်းစာရင်းသွင်းခြင်း။ စစ်အာဏာရှင်တို့၏ အတင်းအကြပ် စစ်မှုထမ်းရန် လုပ်ဆောင်မှုကြောင့် အမျိုးသမီးများအပေါ် သက်ရောက်မှုများ  ဆိုသည့် အစီရင်ခံစာအကျဥ်းချုပ်အား ND-Burma မှ ယနေ့ထုတ်ဝေလိုက်သည်။

စစ်အာဏာရှင်တို့အနေဖြင့် လူငယ်အမျိုးသားများကို အ ကြမ်းဖက်၍ စစ်မှုထမ်းစေခြင်းသာမက အမျိုးသမီးများကို မကြာသေးမီက အတင်းအကြပ် စစ်မှုထမ်းစေရန် ကြိုးပမ်းလာသည်။

အစီရင်ခံစာ၏ တွေ့ရှိချက်အရ စစ်အာဏာရှင်တို့၏ အတင်းအကြပ် ဖမ်းဆီး၍ ထိန်းသိမ်းထားရှိမှုအောက်တွင် အမျိုးသမီးများအနေဖြင့် အန္တရာယ်အကြီးအကျယ်ကြုံတွေ့ နေရပြီး စစ်မြေပြင်တွင် တိုက်ခိုက်ရန် စေလွှတ်ပါက ၎င်းတို့လုံခြုံရေးနှင့် အသက်အန္တရာယ်အတွက် စိုး ရိမ်စရာဖြစ်သည်။

အခွင့်အရေး(များ)

လွတ်လပ်စွာသွားလာလှုပ်ရှားခွင့်

ဒေါင်းလုဒ်ရယူရန်